ဆွီဒင်နိုင်ငံတောင်ပိုင်းရှိ ပညာရေးစင်တာတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ ၁၀ ဦးသေဆုံး
စတော့ဟုမ်း ဖေဖော်ဝါရီ ၅
ဆွီဒင်နိုင်ငံတောင်ပိုင်းရှိ
ပညာရေးစင်တာတစ်ခုတွင် ယမန်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၁၀ ဦး သေဆုံးကြောင်း သိရသည်။
သေနတ်ပစ်ခတ်ခဲ့သည့် သံသယရှိသူသည် သေဆုံးသူများထဲတွင် ပါဝင်ကြောင်း
ဆွီဒင်ရဲအရာရှိ များက ပြောကြားသည်။
နိုင်ငံတောင်ပိုင်း အိုရီဘရိုမြို့ရှိ
ပညာရေးစင်တာ တစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများလည်း
ရှိကြောင်း သိရသည်။
အဆိုပါပညာရေးစင်တာသည် ရွှေ့ပြောင်းနေထိုင်သူများအတွက် သင်္ချာ၊ သိပ္ပံနှင့်
အခြားပညာ ရပ်သင်တန်းများအပြင် သက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ဆွီဒင်ဘာသာစကားသင်တန်းများ
ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး လူသတ်မှုအပါအဝင် အခြားပြစ်မှုများကိုပါ စုံစမ်းစစ်ဆေးနေ
ကြောင်း ရဲအရာရှိများက ပြောသည်။
သေနတ်သမားသည် တစ်ဦးတည်း ကျူးလွန်ဖွယ်ရှိကြောင်းလည်း
၎င်းတို့က ခန့်မှန်းပြောကြား သည်။
တိုက်ခိုက်မှုဖြစ်ပွားရသည့်
အကြောင်းရင်းကို မသိရသေးကြောင်းနှင့် ယင်းဖြစ်ရပ်မှာ ကြောက် မက်ဖွယ်ကောင်းသော အကြမ်းဖက်လုပ်ရပ်ဖြစ်
သည်ဟု ၎င်းတို့က ဆိုသည်။
အပြစ်မဲ့ပြည်သူ အများအပြား
အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းမိပါကြောင်း ဆွီဒင်ဝန်ကြီး ချုပ် ခရစ်တာဆန်က သတင်းထောက်များအား ပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ဆွီဒင်နိုင်ငံ၏
သမိုင်းတွင် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments