အာဖရိကဦးချိုဒေသ၌ နေရပ်စွန့်ခွာသူ သန်း ၂၀ ကျော်ရှိ
နိုင်ရိုဘီ ဖေဖော်ဝါရီ
၄
အာဖရိကဦးချိုဒေသ၌ ပြည်တွင်းနေရပ်စွန့်ခွာသူ (အိုင်ဒီပီ) အရေအတွက်မှာ
၂၀၂၄ ခုနှစ် နှစ်ကုန် ပိုင်းတွင် ၂၀ ဒသမ ၇၅ သန်းအထိ မြင့်တက်ခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ
နိုင်ငံတကာ အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူ
အရေအတွက်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ၂၀ ဒသမ ၄၂ သန်းရှိရာမှ နှစ်ကုန်ပိုင်းတွင်
မြင့်တက်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်ရေး အေဂျင်စီက ပြောသည်။ ထိုကဲ့သို့
မြင့်တက်လာရခြင်းမှာ ဆူဒန်နိုင်ငံ၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း
သိရသည်။
မဟာအာဖရိကဦးချိုဒေသ၌ ဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ အရေအတွက်မှာ
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ၅ ဒသမ ၁ သန်းသာရှိသော်လည်း နှစ်ကုန်ပိုင်းတွင် ၅ ဒသမ ၅
သန်းခန့် အထိ မြင့်တက်လာကြောင်း အဆိုပါအေဂျင်စီက ပြောသည်။
ဆင်ဟွာ

No comments