ဗီယက်နမ်နိုင်ငံ၌ နှစ်သစ်ကူးပွဲတော်အားလပ်ရက်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၂၀၉ ဦးရှိ



ဖေဖော်ဝါရီ ၄

ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ နှစ်သစ်ကူးပွဲတော်အားလပ်ရက်ကာလအတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားမှုကြောင့် ၂၀၉ ဦး သေဆုံးပြီး အခြား ၃၇၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု  ပြည်သူ့လူခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ ယာဉ်ထိန်းရဲဌာနက ပြောကြားသည်။

အဆိုပါကာလအတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၄၄၅ ကြိမ်ရှိကြောင်း ထိုဌာနကဖော်ပြထားပြီး ယာဉ်မတော်တဆဖြစ်ပွားမှုအကြိမ်အရေအတွက်၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတို့သည် ၃၆ ရာခိုင်နှုန်း၊ ၃၇ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် ၃၈ ဒသမ ၃၄ ရာခိုင်နှုန်း အသီးသီလျော့ကျခဲ့သည်ဟု သိရသည်။

၎င်းတို့အနက် လမ်းမများပေါ်တွင်ယာဉ်မတော်တဆမှု ၄၄၂ ကြိမ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၀၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၇၂ ဦး ရှိကြောင်းဖော်ပြထားသည်။ ရထားလမ်းတွင် ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရေပြင်တွင် ယာဉ်မတော်တဆမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။

ထိုအားလပ်ရက်ကာလအတွင်း နိုင်ငံတစ်ဝန်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်းချိုးဖောက်မှုပေါင်း ၅၆၀၀၀ နီးပါး စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.