ပေါင်းတည်မြို့နယ်၌ နွေစပါးဧက ၂၀ဝဝဝကျော် စိုက်ပျိုးပြီးစီး
ပေါင်းတည် ဖေဖော်ဝါရီ
၂၆
ပဲခူးတိုင်းဒေသကြီး
ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့်
၂၀၂၄-၂ဝ၂၅ ခုနှစ် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး
နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် တောင်သူတို့၏ အကျိုးစီးပွား တိုးတက်ရေးအတွက် ယခုနှစ်တွင်
နွေစပါးဧက ၂၆၀၁၀ လျာထားစိုက်ပျိုးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်
ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေရယူကာ ပျိုးထောင်စိုက်ပျိုးမှု ၄၅၃၆ ဧက၊ မျိုးစေ့ချကိရိယာဖြင့်
၁၅၁၃၅ ဧက၊ ကောက်စိုက်စက်ဖြင့် ၅၁၅ ဧက စိုက်ပျိုးလျက်ရှိပြီး စုစုပေါင်း ၂၀၁၈၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း
မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။ အဆိုပါ နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး၌ ပန်းတိုင်အထွက်နှုန်း
တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး၊ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့်
မျိုးမှန်၊ ရေမှန်၊ စိုက်နည်းစနစ် မှန်ကန်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊
ဆည်မြောင်းဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့က တောင်သူများအား ကူညီပံ့ပိုးပေးလျက်ရှိပြီး
စိုက်ပျိုးမှုသရုပ်ပြပွဲများနှင့် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေး
လျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD)
.jpg)
No comments