(၃၁)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နှစ်(၈၀)ပြည့် တပ်မတော်နေ့
အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)
အဆင့်နှင့် (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ
စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတွင် (က) အဆင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ (ခ) အဆင့် အလယ်ပိုင်း
တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်း
စစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို
တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ
တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထွန်းမြတ်ရွှေနှင့် တပ်မတော်အရာရှိကြီးများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေး အရာရှိချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊
ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments