ဇင်ဘာဘွေနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၄ ဦးအထိရှိလာ



ဖေဖော်ဝါရီ ၆

ဇင်ဘာဘွေနိုင်ငံတွင် လွန်ခဲ့သောနှစ်နိုဝင်ဘာလကစတင်ကာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၄ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းက ပြောကြားသည်။

အဆိုပါဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ သံသယလူနာ ၁၀ ဦး ရှိသည်ဟု သိရသည်။

 ကာလဝမ်းရောဂါ ၁၈ လကြာဖြစ်ပွားမှုအဆုံးသတ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် သုံးလအကြာတွင် ထိုရောဂါဖြစ်ပွားမှုနောက်ဆုံးတွေ့ရှိခဲ့ပြီး စမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ ကာလဝမ်းရောဂါအတည်ပြုလူနာ ၈၇ ဦး အပါအဝင် သေဆုံးသူ ၇၁၈ ဦးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

ဇင်ဘာဘွေနိုင်ငံတွင် မိလ္လာစနစ်ညံ့ဖျင်းမှုနှင့် မသန့်ရှင်းသောသောက်သုံးရေတို့ကြောင့် ကာလဝမ်းရောဂါအများအားဖြင့် ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.