ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးခရိုင်၌ စံချိန်တင် ဆီးနှင်းကျဆင်း
တိုကျို ဖေဖော်ဝါရီ
၄
ဂျပန်နိုင်ငံ၌ လျင်မြန်စွာ အားကောင်းလာသော လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် ဟော့ကိုင်းဒိုး
ခရိုင်၌ စံချိန်တင် ဆီးနှင်းကျဆင်းမှုဖြစ်ပွားခဲ့ကြောင်း၊
ထို့အပြင် ခရိုင်ရှိ အိုဘီဟီရိုမြို့၌ တစ်မီတာ
ကျော်သည့် ဆီးနှင်းဖုံးလွှမ်းမှု ဖြစ်ပွားခဲ့ကြောင်းလည်း အင်န်အိတ်ချ်ကေ သတင်း၌ ဖော်ပြသည်။
ဖေဖော်ဝါရီ ၄ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီအထိ အိုဘီဟီရိုမြို့၏ ဆီးနှင်းထုမှာ ၁ ဒသမ ၂ မီတာ စံချိန်တင်ရှိခဲ့သည်။ မီမူရိုနှင့် ဟွန်ဘက်ဆု အပါအဝင် အခြားဒေသများတွင်လည်း
စံချိန်တင်ဆီးနှင်းကျဆင်းမှု ဖြစ်ပွားခဲ့သည်။ ဟော့ကိုင်းဒိုးခရိုင်ရှိ ဒေသ ၄၄ ခုရှိ
အစိုးရမူလတန်း ကျောင်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း ၃၇၉ ကျောင်းကို ယာယီပိတ်ထားရသည်။
အပြင်းထန်ဆုံး အအေးလှိုင်းဝင်ရောက်လာသည်နှင့်အမျှ
ဟွန်ရှူးကျွန်း၌ ဆီးနှင်းများ ထူထပ်စွာ
ကျဆင်းနိုင်ဖွယ်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးကို ထိခိုက်စေနိုင်ကြောင်း၊ နှင်းမုန်တိုင်းနှင့်
လှိုင်းကြီးနိုင်ခြေမြင့်တက်လာနိုင်ကြောင်း
ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားသည်။
အင်န်အိတ်ချ်ကေ

No comments