ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော်၊ ဖေဖော်ဝါရီ
၂၈
မြန်မာ-တရုတ်
သံတမန်ထူထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ်
ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(မန္တလေး)နှင့် ဖူးကျင့်နိုင်ငံတကာ ဘာသာ စကားသင်တန်းကျောင်းတို့ ပူးပေါင်း၍ Yunnan Economics Trade
and Foreign Affairs College ၏ အကူအညီဖြင့်
တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို
ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ Royal Taunggyi ဟိုတယ်၌
ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊
ရှမ်းပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊
တာဝန်ရှိသူများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဖူးကျင့်နိုင်ငံ တကာဘာသာ စကားသင်တန်း ကျောင်းမှ
ကျောင်းအုပ်ကြီး၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Yunnan Economics
Trade and Foreign Affairs College မှ သင်တန်းနည်းပြဆရာများ၊ တောင်ကြီးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူ
များနှင့် လုပ်ငန်းရှင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ဉီးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဒုတိယဝန်ကြီးတို့က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်
ပို့ချမည့် အစီအစည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြာပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဒုတိယဝန်ကြီးတို့က ယူနန်ပြည်နယ်မှ စားဖိုမှူးကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြသည်။
အဆိုပါ တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းကို ဖေဖော်ဝါရီ ၂၈ ရက်မှမတ် ၅ ရက်အထိ ဖွင့်လှစ်သင်ကြား
သွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ (၄၆)
ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments