ဂျပန်နိုင်ငံ ဒေသအနှံ့အပြား ဆီးနှင်းထူထပ်စွာကျဆင်း
တိုကျို ဖေဖော်ဝါရီ ၂၄
ဂျပန်နိုင်ငံ ဒေသအနှံ့အပြားတွင်
ဆီးနှင်းထူထပ်စွာ ကျဆင်းလျက်ရှိသောကြောင့် အာဏာပိုင်များက ခရီးသွားလာရာတွင် သတိထားကြရန်
ပြည်သူများအား တိုက်တွန်းထားသည်။
ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁
နာရီအထိ နိအိဂါတာခရိုင် ယူအွန်းနူမာမြို့တွင် ဆီးနှင်းထူထပ် မှု ၃ ဒသမ ၈၁ မီတာ၊
ယာမာဂါတာ ခရိုင် အိုကူရာကျေးရွာတွင် ၃ ဒသမ ၂၉ မီတာ၊ အအိုမိုရီခရိုင်
အအိုမိုရီမြို့တွင် ၁ ဒသမ ၄၃ မီတာရှိကြောင်း သိရသည်။
ဆီးနှင်းကျဆင်းမှု လျော့နည်းလာဖွယ်ရှိသော်လည်း
ကင်ကီ၊ ချူဂိုကူနှင့် ရှီဂိုကူဒေသများ၏ မြေပြန့်နေရာများတွင် ဒေသအလိုက်
ဆီးနှင်းထူထပ်စွာ ကျဆင်းနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ လမ်းပန်းဆက်သွယ်ရေး
ပြတ်တောက်ခြင်းအပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ သစ်ပင်များ လဲကျခြင်းတို့
ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက ပြောသည်။
အင်န်အိတ်ချ်ကေ

No comments