မွန်ဂိုလီးယားနိုင်ငံ၌ သေဆုံးသူငါးဦးတွင်တစ်ဦးမှာ ကင်ဆာရောဂါကြောင့်ဖြစ်ဟုဆို ဖေဖော်ဝါရီ ၅



မွန်ဂိုလီးယားနိုင်ငံတွင် သေဆုံးသူငါးဦးလျှင် တစ်ဦးသည်ကင်ဆာရောဂါဖြင့်သေဆုံးခြင်းဖြစ်သည်ဟု အမျိုးသားကင်ဆာဌာန အင်န်စီစီက ယမန်နေ့ကပြောကြားသည်။ ၂၀၂၄ ခုနှစ်က ကင်ဆာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၇၅၅ ဦး ရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ကင်ဆာနေ့အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် အင်န်စီစီကဖော်ပြထားသည်။

လူဦးရေ ၃ ဒသမ ၅ သန်းရှိသော မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်က ကင်ဆာရောဂါဖြစ်ပွားသူ ၈၁၆၉ ဦးရှိရာ လွန်ခဲ့သောနှစ်က ကင်ဆာရောဂါဖြစ်ပွားသူဦးရေနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သည်။

ကင်ဆာရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းသည် ယခင်က နောက်ကျသောအဆင့်တွင် ကင်ဆာရောဂါဖြစ်ပွားကြောင်းရှာဖွေတွေ့ရှိခဲ့သော်လည်း ယင်းအခြေအနေပိုမိုကောင်းမွန်လာကာ ၆၅ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်ဟု ထိုစင်တာက ဖော်ပြထားသည်။

မွန်ဂိုလီးယားနိုင်ငံအတွင်း အဖြစ်အများဆုံးကင်ဆာအမျိုးအစားများတွင် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အူမကြီးကင်ဆာတို့ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.