ဂါနာနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၄၉ ဦးထက်မနည်းသေဆုံး



ဖေဖော်ဝါရီ ၁၉

ဂါနာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၇၁၉ ဦးရှိကြောင်းအတည်ပြုထားပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၄၉ ဦးထက်မနည်းရှိကြောင်း ကျန်းမာရေးဝန်ကြီး ကာဘန်နာမန်တရှ်အေကန်ဒေါ့က ယမန်နေ့ကပြောကြားသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလက the Greater Accra ဒေသတွင် ကာလဝမ်းရောဂါစတင်ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲဒေသကြီးလေးခုသို့ပျံ့နှံ့ဖြစ်ပွားခဲ့ကြောင်း နိုင်ငံ၏လက်ရှိကျန်းမာရေး အရေးပေါ် အခြေအနေများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

နိုင်ငံတစ်ဝန်းတွင် သံသယလူနာ ၆၁၄၅ ဦးရှိသည့်အနက် ကာလဝမ်းရောဂါအတည်ပြုလူနာ ၇၁၉ ဦးရှိပြီး ယင်းရောဂါဖြင့် ၄၉ ဦး သေဆုံးကြောင်း၊ ထပ်မံဖြစ်ပွားမှုကိုကာကွယ်ရန်နှင့် ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန် အာဏာပိုင်များက အားစိုက်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

အလယ်ပိုင်းဒေသတွင် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သော်လည်း ကာလဝမ်းရောဂါထပ်မံဖြစ်ပွားမှုလျော့ကျလာကြောင်းနှင့် Agona West နှင့် Effutu ခရိုင်တို့တွင် အစပိုင်းက ရောဂါဖြစ်ပွားမှုဆိုးရွားခဲ့သော်လည်း ယခုအခါ ရောဂါထပ်မံဖြစ်ပွားမှုလျော့ကျလာကြောင်း ၎င်းကထပ်လောင်းပြောသည်။

ဂါနာ၏နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ကြိုးစားလုပ်ဆောင်မှုသည် အကောင်းဘက်ကို ပြောင်းလဲလာသည်ဟု ၎င်းကယူဆထားသည်။

ကာလဝမ်းရောဂါကုသရေးစင်တာများကို ရောဂါဖြစ်ပွားရာဒေသများတွင် ဖွင့်လှစ်ထားသည်ဟု ၎င်းကဆိုသည်။ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ရောဂါဖြစ်ပွားမှုမြင့်မားသည့်ဒေသများတွင် ကာလဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်လုပ်ဆောင်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.