ဇမ်ဘီယာနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွား ၂ ဒသမ ၁ သန်းကျော် ဝင်ရောက်



ဖေဖော်ဝါရီ ၁၄

ဇမ်ဘီယာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၂၁၉၉၈၂၀ ဝင်ရောက်မှုရှိကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးက ယမန်နေ့ကပြောကြားသည်။

၂၀၂၄ ခုနှစ် နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်သူဦးရေသည် ၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၃၉၂၁၅၃ ဦးဝင်ရောက်မှုထက် ပိုမိုများပြားခဲ့သည်ဟု ၎င်းကဆိုသည်။

ပြည်တွင်းခရီးသွားလည်ပတ်သွားလာမှုလည်း ၂၀၂၄ ခုနှစ်အတွင်း ၅၃၀၁၁၀ ဦးရှိရာ ၂၀၂၃ ခုနှစ်က ခရီးသွား ၄၈၆၄၁၈ ဦးထက်ပိုမိုများပြားကြောင်း ၎င်းကပြောကြားသည်။

၂၀၂၅ ခုနှစ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် နိုင်ငံခြားခရီးသွား ၂ ဒသမ ၄ သန်းကျော် ဝင်ရောက်ရန်မျှော်မှန်းထားသည်ဟု ၎င်းကထပ်လောင်းပြောသည်။

အစိုးရက ခရီးသွားကဏ္ဍတိုးတက်ရေးမြှင့်တင်ရန် လေဆိပ်များကဲ့သို့သော အခြေခံအဆောက်အအုံများတိုးတက် ကောင်းမွန်လာစေရန် ခရီးသွားနေရာများတွင် ပြည်သူများနှင့်အတူလုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.