တရားမဝင် သစ်မျိုးစုံ၊ ကျောက်စိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏
ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ
တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၃၄၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ်
၈၅,၀၀၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်နှင့်
ပျဉ်းမနားမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုး
ငွေကျပ် ၂၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း
(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၈၅,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာ၌ တရားမဝင်အခြားသစ် (၁ ဒသမ ၀၅၄) တန်
(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
ဖေဖော်ဝါရီ ၂၁ ရက်တွင် မအူပင်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့၌
လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀,၀၀၀) ကိုလည်းကောင်း၊
ဖေဖော်ဝါရီ ၂၂ ရက်တွင် မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင်
မအူပင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်
၃၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၀၀,၀၀၀) ကို
ဖမ်းဆီးရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင်
ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေး
ဂိတ်၌ ဘားအံမြို့မှ ပဲခူးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ
တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်
Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၄၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး
ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
စစ်ကိုင်းမြို့၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် သုံးစီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၉,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်း၊ အမှတ် (၃) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ
တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၆၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့်
မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း
မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၂) မျိုး၊ လူသုံးကုန်ပစ္စည်း လေးမျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၄၂၆,၄၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်
Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၀၀၀,၀၀၀)၊ စုစုပေါင်း
(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၄၂၆,၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက် လျက်ရှိသည်။
ဆက်လက်၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသည့် အချောထည်ပစ္စည်း (၁၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၈၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunglong Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ်အမှတ် (UB-004/SF-1725)နှင့် (8M-232/ SF-1753) တို့ဖြင့် လိုက်ပါလာသော ခရီးသည်နှစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၆၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃,၄၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့်
ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၈ ဒသမ ၁၉၁) တန်၊ သစ်မာ (၇ ဒသမ ၉၃၇) တန်၊
အခြားသစ် (၂ ဒသမ ၈၈၂) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၃၉,၃၀၃) ကို ဖမ်းဆီးရမိခဲ့ပြီး
သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်
ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၇) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်
၂၅၅,၄၅၃,၇၀၃) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များအနေဖြင့်
အရည်အသွေးပြည့်မီမှု မရှိနိုင်ခြင်းကြောင့် ပြည်သူများအတွက် ဘေးအန္တရာယ်ကျရောက်မှုများ
ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည် တင်သွင်းမှုများအား သက်ဆိုင်ရာ
တာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်



No comments