ထိုင်းနိုင်ငံ၌ လေ့လာရေးဘတ်စ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးရှိလာ
ဖေဖော်ဝါရီ ၂၆
ထိုင်းနိုင်ငံအရှေ့ပိုင်းတွင်
ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ၁၈ ဦး သေဆုံးပြီး အခြား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း
အာဏာပိုင်များက ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် ပရာချင်ဘူရီပြည်နယ်တွင်
ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပညာရေးအတွက်လေ့လာရေးခရီးစဉ်အဖြစ်သွားသော
နှစ်ထပ်ဘတ်စ်ကားပေါ်တွင် ၄၉ ဦး လိုက်ပါလာကြောင်းနှင့် တောင်ဆင်းလမ်းအတိုင်းမောင်းနှင်လာစဉ်
တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရဆက်သွယ်ရေးရုံးက ပြောကြားသည်။
ထိုဘတ်စ်ကားသည် ၄၉ ဦးတင်ဆောင်ပြီးမောင်နှင်လာစဉ်
ဒေသစံတော်ချိန် မနက် ၃ နာရီ ခန့်တွင် တိမ်းမှောက်ခဲ့ပြီး ယင်းနေရာမှာပင် ၁၆ ဦး သေဆုံးခဲ့သည်ဟု
သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို အနီးဆုံးဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
တောင်ဆင်းလမ်းသည် မတော်တဆမှုဖြစ်ပွားလေ့ရှိသောလမ်းဖြစ်သည်ဟူသောရဲတပ်ဖွဲ့၏ပြောကြားချက်ကို
ကိုးကားပြီး ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments