ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ လေယာဉ်ပျက်ကျမှုကြောင့် လေးဦးသေဆုံး



ဖေဖော်ဝါရီ ၇

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂင်ဒါနာအို ဒဲလ်ဆာပြည်နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ကိုယ်ပိုင်လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ခဲ့ရာ နိုင်ငံခြားသားသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များတွင်ဖော်ပြထားသည်။

အဆိုပါလေယာဉ်ပျက်ကျမှုသည် အမ်ပါတန်မြို့တွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဖိလစ်ပိုင်လေကြောင်းအာဏာပိုင်အဖွဲ့က လေယာဉ်ပျက်ကျကြောင်းအတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

 ထိုလေယာဉ်အမျိုးအစားမှာ Beech King Air 350 ဖြစ်ပြီး အမျိုးသားနှစ်ဦးအပါအဝင် သေဆုံးသူလေးဦး၏ရုပ်အလောင်းများကို ရွာသားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီက ပြောကြားသည်။ သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်းသိရှိရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.