တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲလေကြောင်းလေ့ကျင့်မှုပြုလုပ်



ဆိုးလ်  ဖေဖော်ဝါရီ  ၂၀

တောင်ကိုရီးယားနှင့်    အမေရိကန်တို့ပူးပေါင်း၍ ကိုရီးယားကျွန်းဆွယ်ဝေဟင်၌ ပူးတွဲလေကြောင်း လေ့ကျင့်မှုများ  ဖေဖော်ဝါရီ  ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လေကြောင်းလေ့ကျင့်မှုတွင် အမေရိကန် ဘီ - ၁ဘီ  ဗုံးကြဲလေယာဉ်တစ်စင်း အနည်းဆုံး ပါဝင်ခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တိုက်လေယာဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဒေါ်နယ်ထရမ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ   ၂၀   ရက်တွင်    အမေရိကန်သမ္မတအဖြစ်    အိမ်ဖြူတော်သို့ ရောက်ရှိချိန်မှစကာ ယခုလိုနှစ်နိုင်ငံ ပူးတွဲလေကြောင်းလေ့ကျင့်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ယခုလို ပူးတွဲလေ့ကျင့်ခြင်းသည် အမေရိကန်၏ စစ်ရေးစွမ်းပကားကို ပြသလိုက်ခြင်းဖြစ်သကဲ့သို့ တောင်ကိုရီးယားနှင့် အမေရိကန်ပူးပေါင်းတပ်ဖွဲ့များ၏ အပြန်အလှန်ပေါင်းစပ်လုပ်ကိုင်နိုင်ခြင်းကို ပြသခြင်းလည်းဖြစ်သည်။

လက်နက်အပြည့်အစုံတပ်ဆင်ထားသော အမေရိကန် ဘီ - ၁ ဘီ ဗုံးကြဲလေယာဉ်များသည် ဂူအမ်း အခြေစိုက်စခန်းမှ ပျံသန်းထွက်ခွာပြီး ၂ နာရီမပြည့်မီ  ကိုရီးယားကျွန်းဆွယ်သို့  ရောက်ရှိလာခဲ့ ကြောင်း တောင်ကိုရီးယားမီဒီယာတွင် ဖော်ပြထားသည်။

အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကြား နှစ်နိုင်ငံပူးပေါင်းတပ်ဖွဲ့များသည် ၎င်းတို့၏စွမ်းရည်များကို အကောင်းဆုံးပြသနိုင်ခဲ့ကြသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.