တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းသင်္ဘောတစ်စီးတိမ်းမှောက်မှုဖြစ်ပွား
ဖေဖော်ဝါရီ ၄
တောင်ကိုရီးယားနိုင်ငံတွင်
ငါးဖမ်းသင်္ဘောတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ညပိုင်းက ထိုသင်္ဘောပေါ်ပါ ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု
ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
နိုင်ငံတောင်ပိုင်းအပန်းဖြေဂျယ်ဂျူကျွန်း၏အနောက်တောင်ဘက်
ကီလိုမီတာ ၈၃၀ အကွာခန့်ရှိ ရေပြင်တွင် ၄၈ တန်ရှိ ငါးဖမ်းသင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
အဆိုပါသင်္ဘောပေါ်ပါ ၁၀ ဦးတွင်
တောင်ကိုရီးယားနိုင်ငံသားလေးဦးနှင့် နိုင်ငံခြားသား ခြောက်ဦးတို့ပါဝင်ကြောင်းနှင့်
၎င်းတို့အားလုံးကို အနီးနားရှိငါးဖမ်းသင်္ဘောများကကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရရှိသူအားလုံး
ကျန်းမာရေး ကောင်းမွန်ကြောင်း ဖော်ပြထားသည်။
တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က
တန်ချိန် ၃၀၀၀ ကင်းလှည့်ရေယာဉ်နှစ်စီးနှင့် တန်ချိန် ၁၀၀၀ ရေယာဉ်တစ်စီးတို့ကို မတော်တဆမှုဖြစ်ပွားရာနေရာသို့စေလွှတ်ခဲ့သည်ဟု
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments