ဆောင်းနေကြာစံပြစိုက်ခင်းနှင့် ရုရှားနေကြာကိုးမျိုး စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း
ဝါးခယ်မ ဖေဖော်ဝါရီ
၂၈
ဧရာဝတီတိုင်းဒေသကြီး
ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာ၌ မြို့နယ်သမဝါယမအသင်းစုက ဆောင်းနေကြာငါးဧက စံပြစိုက်ခင်းနှင့်
တောင်သူဦးဝင်းဗိုလ်၏ ရုရှားနေကြာကိုးမျိုး စမ်းသပ်စိုက်ခင်းများ စိုက်ပျိုးထားရှိရာ
အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါ နေကြာငါးဧကစမ်းသပ်စိုက်ခင်းနှင့်
ရုရှားနေကြာကိုးမျိုး စမ်းသပ်စိုက်ပျိုးခြင်းကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က စတင်စိုက်ပျိုးခဲ့ရာ
ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင်နှင့်ဝန်ထမ်းများက
နေကြာများ အောင်မြင်ဖြစ်ထွန်းနေမှုကို အပတ်စဉ်မှတ်တမ်းများ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments