အစ္စရေးက အမေရိကန်၏ အကြီးစားဗုံးများပေးပို့မှုကို လက်ခံရရှိ
ဂျေရုဆလင် ဖေဖော်ဝါရီ ၁၆
အမေရိကန် ပြည်ထောင်စုက ၎င်းတို့၏
လက်နက်တင်ပို့မှုအပေါ် ယာယီတားမြစ်ချက်တစ်ခုကို မကြာသေးမီက ရုပ်သိမ်းပြီးနောက်
အစ္စရေးနိုင်ငံအနေဖြင့် အကြီးစားအမ်ကေ- ၈၄ ဗုံးများ ပို့ဆောင်မှုကို
လက်ခံရရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြော
ကြားသည်။
အမ်ကေ-၈၄ သည် ပစ်မှတ်များကို
ထိုးဖောက်ဝင်ရောက်နိုင်ကာ ၉၀၇ ကီလိုဂရမ် အလေးချိန်ရှိသည့်
လမ်းညွှန်မဲ့ဗုံးဖြစ်ပြီး ၎င်း၏ပေါက်ကွဲမှုစွမ်းအားမှာ ကြီးမားကျယ်ပြန့်သည့်
ပျက်စီးမှုကို ဖြစ်ပေါ်စေကြောင်း သိရသည်။
အဆိုပါ စစ်လက်နက်ပစ္စည်းများမှာ
ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းက အစ္စရေး Ashdod မြို့ ဆိပ်ကမ်းသို့
ရောက်ရှိခဲ့ပြီး ညတွင်းချင်းကုန်ချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ဝန်ကြီးဌာနက ထုတ်ပြန် သည့်
ဗီဒီယိုတွင် သင်္ဘောတင်ကုန်သေတ္တာများကို ဒါဇင်နှင့ချီသည့် ကုန်တင်ကားများပေါ်သို့
တင်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါပစ္စည်းများကို အစ္စရေးလေတပ် အခြေစိုက်စခန်း
သို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်
ဂါဇာ၌ ပဋိပက္ခစတင်သည့်အချိန်မှစကာ လေယာဉ်မှတစ်ဆင့် သယ်ပို့ပေးမှု ၆၇၈ ခုနှင့်
ပင်လယ်ရေကြောင်းတင်ပို့ မှု ၁၂၉ ခုဖြင့် အစ္စရေးနိုင်ငံအတွင်းသို့ စစ်လက်နက်
ပစ္စည်းတန်ချိန် ၇၆၀၀၀ ကျော် ရောက်ရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments