ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကြီး နှစ်ရက်တိုး၍ ကျင်းပသွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌
ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြခန်းတာဝန်ခံများနှင့်
ပြည်နယ်/တိုင်းဒေသကြီးနှင့် အေဂျင်စီများအချင်းချင်း တွေ့ဆုံ၍ မိမိတို့၏ ထုတ်ကုန်များကို
နေရာအနှံ့ ချိတ်ဆက်ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ကြရန် လည်းကောင်း၊ ပြပွဲစတင်သည့်ရက်မှစ၍
ရုံးဖွင့်ရက်အတွင်းမှာပင် လာရောက်လေ့လာ ဝယ်ယူကြသည့် လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊
ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက ပိုမိုလေ့လာမှတ်သားနိုင်ရန်နှင့် မိမိတိုလိုအပ်သော
ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူအားပေးနိုင်ရန်အတွက် လည်းကောင်း၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်
ရပ်နီးရပ်ဝေးမှ ရုံးဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ
လာရောက်လေ့လာ ဝယ်ယူအားပေးနိုင်ရေး ရှေးရှု၍လည်းကောင်း MSME ထုတ်ကုန်ပြပွဲကို ဖေဖော်ဝါရီ
၁၅ ရက်မှ ၁၆ ရက်ထိ ထပ်မံတိုးမြှင့် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments