အမျိုးသမီးများအား တရုတ်မယားအဖြစ်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်
နေပြည်တော် မတ် ၁
အမျိုးသမီးများအား တရုတ်မယားအဖြစ်ပို့ဆောင်ရန်
စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀)
စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊
စံပြရွာနေ ခင်မျိုးကြည် (ခ) မြတ်နိုးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာနေ သက်ထားဆွေ (ခ) သက်ထားတို့က
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာနေ မ----၊ ၂၂/၂၄ နှစ်နှင့်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ (၁၀) ရပ်ကွက်နေ မ----၊ ၃၀/၂၄ နှစ် တို့အား
တရုတ်နိုင်ငံ၌ တရုတ်ယောကျာ်းယူပါက ငွေကျပ်သိန်း (၁၀၀) ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး
တရုတ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပုသိမ်ကြီးမြို့နယ်၊
အုန်းချောနယ်မြေရဲစခန်း (ပ) ၇၅/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၅/ ၄၄ ဖြင့်လည်းကောင်း၊ အုန်းချောနယ်မြေရဲစခန်း (ပ) ၇၆/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၅/ ၄၄ ဖြင့်လည်းကောင်း အမှုဖွင့်လှစ်တရားစွဲတင်ပို့ခဲ့သည်။
အဆိုပါအမှုအား
အောင်မြေသာစံခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားခံ
ခင်မျိုးကြည် (ခ) မြတ်နိုးနှင့် သက်ထားဆွေ (ခ) သက်ထားတို့ (၂) ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၅ အရ တစ်မှုလျှင် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီဖြင့် နှစ် (၂၀) စီကျခံစေရန်
အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments