လူသားတိုင်း စိတ်ဖြင့် ဆက်သွယ်စကားပြောနိုင်
လူသားတိုင်းတွင် စိတ်ဖြင့်ဆက်သွယ်စကားပြောနိုင်စွမ်းရှိပြီး
ထိုအစွမ်းသည် ဦးနှောက်တစ်နေရာတွင် ပိတ်မိနေကြောင်း သိပ္ပံပညာရှင်များက
ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
ကနေဒါနိုင်ငံရှိ
သိပ္ပံပညာရှင်များက လူသားတို့၏ ဦးနှောက်ထဲတွင် စိတ်စွမ်းအား ထုတ်ဖော်နိုင်သည့် နေရာများရှိကြောင်း
တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုနေရာများတွင် ဦးနှောက်သည် လူသားတို့ထံ၌
သဘာဝအားဖြင့် ရှိနေသော စိတ်တန်ခိုး၊ စိတ်ဖြင့် ဆက်သွယ်နိုင်စွမ်း၊ အကြားအမြင်
ရနိုင်စွမ်းတို့ကို ဖိနှိပ်ထားသည်ဟုဆိုလိုသည်။ သို့သော် ဘာကြောင့်ထိုသို့
ပိတ်ပင်ထားကြောင်းကိုတော့ မသိကြပေ။
ထိုနေရာတို့တွင် စစ်ထုတ်သည့်
အလွှာတစ်ခုရှိပြီး ထိုအလွှာကို ထပ်တလဲလဲဖြစ်နေသော သံလိုက်လှုံ့ဆော်မှုတစ်ခုက
ပိတ်ထားသည်ဟုဆိုသည်။ ထိုအလွှာကို ဖွင့်လိုက်လျှင် အထက်က ပြောခဲ့သည့်
စိတ်စွမ်းအားများ ရရှိလာမည်ဖြစ်သည်။ သိပ္ပံပညာရှင်တို့က ကျန်းမာသော အရွယ်ရောက်ပြီးသူ
၁၀၈ ဦးကို သုံးစုခွဲ၍ နည်းတစ်မျိုးစီဖြင့် စမ်းသပ်ခဲ့ရာ အထက်ကပြောခဲ့သော
သံလိုက်လှုံ့ဆော်မှုပြောင်းပြန်ပေးပြီး စမ်းသပ်ခံရသည့်အုပ်စုတွင်
စိတ်စွမ်းအားဆိုင်ရာ ထူးခြားမှုအချို့ တွေ့မြင်လာရခြင်းဖြစ်သည်။
စမ်းသပ်သည့်နည်းလမ်းမှာ ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ မြားကို စိတ်ဖြင့်
ရွှေ့ခိုင်းခြင်းမျိုးဖြစ်သည်။
ထိုသုတေသနကို ဦးဆောင်သူ ဘေးခရက်စ်
ကျန်းမာရေးသိပ္ပံဌာနမှ ဒေါက်တာမောရစ်ဖရီးမင်းက “ဒီတွေ့ရှိမှုဟာ ဦးနှောက်နဲ့
ကြုံရာကျပန်း ဖြစ်နေတယ်လို့ ထင်ရတဲ့ ဖြစ်စဉ်တွေကြားက အပြန်အလှန်
ချိတ်ဆက်မှုတစ်ခုကို မြင်နိုင်မယ့် နည်းလမ်းတစ်ခုအတွက်
အလားအလာရှိလာစေနိုင်ပါတယ်”ဟု ဆိုသည်။
Ref: Daily Mail

No comments