ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ငလျင်ဘေးဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲဖျော်ဖြေမှု ကြည့်ရှုအားပေး
ရန်ကုန် မေ ၁၀
ငလျင်ဘေးဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာ ကပွဲဖျော်ဖြေမှုကို ယနေ့ညပိုင်းတွင်
ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံတွင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဖိတ်ကြားထားသော
ဧည့်သည်တော်များ၊ ပြည်သူများ ကြည့်ရှုအားပေးကြသည်။
တစ်မိနစ်ငြိမ်သက်ဆုတောင်း
ရန်ပုံငွေ ပဒေသာကပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဖျော်ဖြေမှုအစီအစဉ်များကို
စတင် ရာ ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုနှင့် ထောက်ပံ့ခဲ့မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး
ငလျင်ဘေးဒဏ်တွင် ထိခိုက်သေဆုံးခဲ့သူများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်
ငြိမ်သက်၍ ဆုတောင်း မေတ္တာ ပို့သကြသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နာမည်ကျော် အနုပညာရှင်များ၏
ရုပ်ရှင်တေးသီချင်းများဖြင့်လည်းကောင်း၊ အောင်ခင်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်သည့် ဒါရိုက်တာသန်းထိုက် (ရွှေရိပ်)၊
သရုပ်ဆောင်များ ဖြစ်ကြသည့် ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ မင်းတော်ဝင်၊ ခင်ဇာခြည်ကျော်၊
အေးဝတ်ရည်သောင်း၊ မမဆောင်းနှင့် သရုပ်ဆောင်များစွာပါဝင်သော “အချစ်ဆုံးအပေါင်ဆိုင်”
ဟာသတစ်ခန်း ပြဇာတ်ဖြင့်လည်းကောင်း၊ HEY Play Application က စီစဉ် တင်ဆက်သည့် ဒါရိုက်တာတင်မောင်ဆန်းမင်းဝင်း၏
နက္ခတ်၊ စိုင်းစည်တွမ်ခမ်း၊ နေထွဋ်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ မေလသံစဉ်နှင့် သရုပ်ဆောင်
များစွာပါဝင်သော“ပြည်သူ့အချော့ တော်” တေးသရုပ်ဖော်ပြဇာတ် ဖြင့်လည်းကောင်း၊ ဘိုဘိုရုပ်ရှင်
ထုတ်လုပ်ရေးနှင့် Triple Six ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်သည့် ဒါရိုက်တာ
စိုးမိုးမင်း၊ သက်ဦးမောင်၊ သရုပ်ဆောင် ကောင်းမြတ်စံ၊ ရှင်မွေလ၊ မင်းဘုန်းမြတ်၊ ခြူးလေး၊
ခြူးစစ်ဟန်တို့ နှင့် သရုပ်ဆောင်များစွာ ပါဝင်သော “ငါတို့အားလုံးလူ...အတူတူ” ပြဇာတ်ဖြင့်လည်းကောင်း၊
ဒါရိုက်တာညိုမင်းလွင်၏ ရန်အောင်၊ သားညီ၊ မာန်ဟိန်း၊ စည်သူမောင်၊ မြယာတို့နှင့် သရုပ်ဆောင်များစွာ
ပါဝင်သော “ဖုတ်သွင်းရထား” ပြဇာတ်ဖြင့် လည်းကောင်း၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏
သရုပ်ဆောင်နေတိုး၊ ကျော်ကျော် ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးနှင့် သရုပ်ဆောင်များ၊ အကအဖွဲ့များပါဝင်သည့်
“မနက်ဖြန်များ လှပါစေ” တေးအော်ပရာဖြင့် လည်းကောင်း ဝေဝေဆာဆာ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အလှူငွေများ ထည့်ဝင်
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊
ဂီတရန်ပုံငွေ ပဒေသာကပွဲကြီးတွင် သဒ္ဓါတရား ထက်သန်ကြသည့် ပြည်သူများက ငလျင်ဒဏ်သင့် ပြည်သူများအတွက်
အလှူငွေများထည့်ဝင်ခဲ့ကြသည်။ မွန်းလွဲပိုင်းက
ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာ တောင်ညွန့်မြို့နယ် ဥယျာဉ် ရပ်ကွက်ရှိ အမှတ်(၁၈-A) ၌
စာဆိုဗိမာန် အဆောက်အအုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်း ဆောင်ခန်းမ၌
Myanmar Land & Development Ltd Project Director ဒေါ်ယုယုနိုင်က စာဆိုဗိမာန်အဆောက်အအုံ
ရာခိုင်နှုန်း အလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက ယခုတည်ဆောက် နေသော စာဆိုဗိမာန်သည် နိုင်ငံတကာ အထောက်အပံ့ဖြင့်
တည်ဆောက်နေသည့် တစ်ခု တည်းသော စာဆိုဗိမာန်ကြီး တစ်ခုဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံဖြစ်ရန်နှင့်
တည်ဆောက်မှုတွင် မြန်ဆန် မှန်ကန်စွာ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အဆောက်အအုံသည်
စာဆိုဗိမာန်အင်္ဂါရပ်နှင့် အညီ လာရောက်လေ့လာသူများ စိတ်ဝင်တစား ကြည့်ရှုခံစားနိုင်ရန်
ပြင်ဆင်စုဖွဲ့ တည်ဆောက်ထားရန်လိုအပ်ကြောင်း မှာကြားသည်။
တက်ရောက်အားပေး
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ The Central Boulevard ၏ Public Area Zone ၌ ကိုရီးယားနိုင်ငံမှ လာရောက်စီစဉ်ကျင်းပ သည့် “ငလျင်ဘေးသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်နှင့်
ဖျော်ဖြေပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး၊
လူမှုရေးရာဝန်ကြီးနှင့် ကိုရီးယား - Seak dong အနု ပညာယဉ်ကျေးမှုစင်တာ၊ ဆိုးလ်ခရိုင်ခွဲ၊
KK Media နှင့် CST Myanmar ကုမ္ပဏီ၊ ကိုရီးယားနိုင်ငံ ဆိုးလ်အထူးမြို့၊ K
Tourism Council နှင့် ဂျုံးနိုးခရီးသွားလာရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ K pop
အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
တာဝန် ရှိသူများ၊ ကိုရီးယားနိုင်ငံမှ တာဝန် ရှိသူများက “ငလျင်ဘေးသင့်ဒေသ များအတွက်
ပြန်လည်ထူထောင် ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် နှင့် ဖျော်ဖြေပွဲ” ဖွင့်ပွဲအခမ်းအနား အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ကိုရီးယားရိုးရာ တူရိယာပညာရှင် Ms. Han Chae Wan က တီးခတ်ဖျော်ဖြေပြီး
Solo Artist Henny က K-pop danceဖြင့် ကပြဖျော်ဖြေသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားသည်။
K pop အဖွဲ့များ ဖျော်ဖြေတင်ဆက်
ယင်းနောက် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အမတ် Mr. Kim Yong Ho က ပေးပို့သည်
Video Message ကို ဖွင့်လှစ်ပြသသည်။ ထို့နောက် ကိုရီးယားနိုင်ငံ ယဉ် ကျေးမှု၊ အားကစားနှင့်
ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၊ ခရီးသွား လုပ်ငန်းကောင်စီ(K Tourism) ၏ ဥက္ကဋ္ဌ Mr.
Song Chang Yong က နှုတ်ခွန်းဆက်ပြောကြားပြီး
ကိုရီးယားနိုင်ငံ KK Media (မြန်မာ) ၏ Director Mr. Cho Sung Woo က “ ငလျင်ဘေးသင့်
ဒေသများအတွက် ပြန်လည် ထူထောင်ရေးရန်ပုံငွေ ဈေးရောင်း ပွဲတော်နှင့် ဖျော်ဖြေပွဲ” ပြုလုပ်ရ
ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ ကိုရီးယားနိုင်ငံမှ K pop အဖွဲ့များ ဖြစ်ကြသည့် “Girls Alert” ၊ “Layers Dance အဖွဲ့နှင့် Dream Kids” အဖွဲ့တို့က ဆက်လက်၍
ဖျော်ဖြေတင်ဆက် ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကိုရီးယား K Tourism Council
မှ ဥက္ကဋ္ဌ Mr. Song Chang Yong တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကိုရီးယားအနုပညာရှင်များအား
အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ
ဈေးရောင်း ပွဲတော်အတွင်း ကိုရီးယားရိုးရာ အစားအစာများ ရောင်းချရန်နှင့် ရိုးရာကစားနည်းများတွင်
ပါဝင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါ ငလျင်ဘေးသင့်ဒေသ များအတွက် ပြန်လည်ထူထောင် ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်
နှင့် ဖျော်ဖြေပွဲကို ကိုရီးယား- Seak dong ယဉ်ကျေးမှုစင်တာ၊ ဆိုးလ်ခရိုင်ခွဲ၊ KK
Media နှင့် CST Myanmar ကုမ္ပဏီတို့ ပူးပေါင်း ၍ မေ
၁၀ ရက်နှင့် ၁၁ ရက် တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ
မွန်းတည့် ၁၂ နာရီအထိတစ်ကြိမ် နှင့် ညနေ ၄ နာရီမှ ည ၉ နာရီအထိ တစ်ကြိမ် စီစဉ်ကျင်းပခြင်းဖြစ်ပြီး
ဈေးရောင်းပွဲတော်တွင် ကိုရီးယား အစားအစာများကို သင့်တင့်သည့် ဈေးနှုန်းဖြင့်ရောင်းချ
သွားမည့်အပြင် ကိုရီးယားရိုးရာ ကစားနည်းများကိုလည်း အခမဲ့ဝင်ရောက်ကစားနိုင်ရေး ထည့်သွင်းထားရှိကြောင်း၊
ထို့ပြင်ကိုရီးယားနိုင်ငံတွင် ကြယ် (၂) ပွင့် မှ ကြယ် (၄) ပွင့်အဆင့်အထိ ရရှိ ထားကြသည့်
K Pop အဖွဲ့များ၏ ဖျော်ဖြေမှုများနှင့် “ကြယ်များရဲ့ ဥယျာဉ်” Animation ရုပ်ရှင်နှင့်
“ပေါင် ၂၀၀ အလှ” ရုပ်ရှင်များကို လည်း အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်
မှ ရရှိလာမည့်ငွေများကို မေ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လှူဒါန်းသွားမည်
ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


No comments