ပါကစ္စတန်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲပြီးနောက် အိန္ဒိယနိုင်ငံအရပ်ဘက်ပျံသန်းမှုဆိုင်ရာ လေဆိပ် ၃၂ ခုပြန်လည်ဖွင့်လှစ်
မေ ၁၂
အိန္ဒိယနိုင်ငံအာဏာပိုင်များက ပါကစ္စတန်နိုင်ငံနှင့်သဘောထားတင်းမာမှုများမြင့်တက်လာပြီးနောက်ပိုင်း
လေကြောင်းပိုင်နက်ကန့်သတ်ချက်များကြောင့် ပိတ်ထားခဲ့သောအရပ်ဘက်ပျံသန်းမှုဆိုင်ရာ လေဆိပ်
၃၂ ခုကိုပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလေဆိပ်များကို
နှစ်နိုင်ငံအကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိသည့် မေ ၁၀ နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
နိုင်ငံပိုင်လေဆိပ်များအာဏာပိုင်အဖွဲ့က
မေလ ၁၅ ရက်နေ့အထိ အရပ်ဘက်လေယာဉ်များ ပျံသန်းခွင့်ပိတ်ထားသည့် လေဆိပ် ၃၂ ခုကိုပြန်လည်ဖွင့်လှစ်ကြောင်း
ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား
လွန်ခဲ့သောသီတင်းပတ်ကဖြစ်ပွားခဲ့သည့်စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်းနှင့်
အနောက်ပိုင်းဒေသများရှိ ၎င်းလေဆိပ်များကို ပိတ်ထားရန် ကြေညာခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments