ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် မေ ၁၂
စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်
(၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ
အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊
တိုင်းဒေသကြီး ဝန်ကြီးများ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊
တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ
ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုလက်မှု
ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် စက်မှုကျွမ်းကျင်လုပ်သားများ
မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် စက်မှု ဝန်ကြီးဌာနမှ စက်မှုသင်တန်းကျောင်းများကို
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများက သင်ခန်းစာကို အခြေခံကစပြီး ကျွမ်းကျင်တတ်မြောက်သည်အထိ
သင်ကြားပေးမည်ဖြစ်၍ စာသင် နှစ်အတွင်း မိမိဘဝအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချရမည်ဖြစ်ကြောင်း၊
သင်ကြားပေးလိုက်သည့် စက်မှုပညာများကို လုပ်ငန်းခွင်ဝင်သည့်အခါ စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ပြီး
စဉ်ဆက်မပြတ် သင်ယူလေ့လာကြပါ၊ ကျရာအခန်းကဏ္ဍမှ နိုင်ငံနှင့်လူမျိုးအတွက် စက်မှုနှင့်ပတ်သက်သည့်
အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကြပါ၊ စက်မှုအခြေခံကောင်းများမှစ၍ တီတွင်သုတေသနပြုမှု၊
ဒီဇိုင်း ဆန်းသစ်မှု၊ ခေတ်နှင့်အမီ ရင်ပေါင် တန်းနိုင်မှု၊ စီးပွားရေးတွက်ခြေ ကိုက်မှုများနှင့်
စက်မှုကုန်ထုတ် လုပ်ငန်းများ အဆင့်မြှင့်ဆောင် ရွက်နိုင်သည်အထိ ကြိုးစားသွားကြရန် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က
နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် အားထားရသည့် လူငယ်လူရွယ်များဖြစ်အောင်
သင်တန်းကျောင်းမှ လေ့ကျင့် သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ဝင်စားစွာဖြင့် ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း၊
တစ်ဦးချင်း အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်
သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခု ဖွင့်လှစ်သည့် စက်မှု ကျွမ်းကျင်
တစ်နှစ်သင်တန်း အမှတ် စဉ် (၁၃) ကို သင်တန်းသား ၁၄၀ နှင့် သင်တန်းသူ ၃၂ ဦး စုစုပေါင်း
သင်တန်းသား သင်တန်းသူ ၁၇၂ ဦးဖြင့် လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်း၌ မော်တော်ယာဉ်
ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်နှင့် ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်မှုဘာသာရပ်များကို
စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments