ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၌ ရေကြီးရေလျှံမှု၊ ကာလဝမ်းရောဂါဖြစ်ပွားမှုတို့ကြောင့် လူပေါင်း ၆၀ ကျော်သေဆုံး
မေ ၁၃
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း
တောင်ကီဗူပြည်နယ်တွင် တိုက်ပွဲများနှင့်ရောဂါဖြစ်ပွားမှုများနှင့်အတူ ရေကြီးမှုများဖြစ်ပွားမှုကြောင့်
လူပေါင်း ၆၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများက
ယမန်နေ့ကပြောကြားသည်။
မေ ၈ ရက်မှ ၉ ရက်အတွင်း ဖီဇီဒေသတွင် ညလုံးပေါက် ရေကြီးရေလျှံမှုကြောင့်
လူအများအပြားပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးများ
ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ နေအိမ်အလုံးပေါင်း ၁၅၀ ကျော်လည်း ပျက်စီးခဲ့ပြီး လူပေါင်း
၁၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
မိုးများသည်းထန်စွာရွာသွန်းလျက်ရှိရာ
ပျက်စီးဆုံးရှုံးမှုများထပ်တိုးလာနိုင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက်
အရေးပေါ်အသနားခံစာတစ်စောင်ထုတ်ပြန်ထားကြောင်း၊ ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများနှင့်
မကြာသေးမီက ကာလဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းတို့သည် ကျန်းမာရေးထိခိုက်မကိုမြင့်မားလာစေသည်ဟု
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောကြားသည်။
မြောက်ကီဗူပြည်နယ်တွင်
တိုက်ခိုက်မှုများလည်းဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူဘာရိုဒေသရှိ ကျေးရွာတစ်ရွာတွင် ညလုံးပေါက်
တိုက်ခိုက်မှုကြောင့် အရပ်သားကိုးဦးသေဆုံးပြီး အခြားအယောက် ၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments