ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲများ စတင်စိုက်ပျိုး
ကျွန်းလှ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး
ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် မိုးမြေပဲများ
စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အကျိုးအမြတ်လည်းရရှိ
“ကျွန်တော်တို့
ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။
ဒီနှစ် မိုးရာသီမှာ မြေပဲ ငါးဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ လုပ်အားခအပါအဝင်
ငွေကျပ် သုံးသိန်းခွဲခန့် ကုန်ကျပါတယ်။ အရင်နှစ်က မိုးမြေပဲစိုက်ပျိုးခဲ့ရာမှာ ဆောင်းမြေပဲအတွက်
မျိုးရရှိပြီး အကျိုးအမြတ်လည်းရရှိခဲ့ပါတယ်” ဟု ရှမ်းစုကျေးရွာ မိုးမြေပဲစိုက်တောင်သူ
ဦးနေလင်းက ပြောသည်။
အဆိုပါ မိုးမြေပဲစိုက်တောင်သူများအား
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မြေပဲမျိုးရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့်
စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာ သီးနှံစိုက်ပျိုးရန်
၇၃၁၄ ဧက လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)
.jpg)
No comments