မက္ကဆီကိုနိုင်ငံ၌ အဝေးပြေးလမ်းယာဉ်မတော်တဆမှုကြောင့် ၂၁ ဦး သေဆုံး
မေ ၁၅
မက္ကဆီကိုနိုင်ငံ
အရှေ့အလယ်ပိုင်း ပါဘလာပြည်နယ်တွင် အဝေးပြေးလမ်းယာဉ်မတော်တဆမှုတစ်ခု
ယမန်နေ့က ဖြစ်ပွားခဲ့ရာ လူ ၂၁ ဦးထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက
ပြောကြားသည်။
အဆိုပါယာဉ်မတော်တဆမှုသည်
ကာနိုပါလန်-အာရှာကာအဝေးပြေးလမ်း ၃၁ ကီလိုမီတာတွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမတော်တဆဖြစ်ပွားမှုတွင် ယာဉ်သုံးစီးပါဝင်ကြောင်းနှင့် အရေအတွက်အတိအကျ ဖော်ပြထားခြင်းမရှိသော
ထိခိုက်ဒဏ်ရာရသူများ ကုသမှုခံယူလျက်ရှိကြောင်း ပါဘလာပြည်ထဲရေးဝန်ကြီး ကပြောကြားသည်။
လူနာတင်ယာဉ်များနှင့် အခြားအရေးပေါ်ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကုန်တင်ကားတစ်စီးသည် အခြားယာဉ်ကိုကျော်တက်ရန်လုပ်ဆောင်ရာမှ
ဆန့်ကျင်ဘက်လမ်းကြားသို့မရောက်မီ ဘတ်စ်ကားတစ်စီးကိုတိုက်မိကာ အလုံပိတ်မော်တော်ယာဉ်တစ်စီးနှင့်ခေါင်းချင်းဆိုင်တိုက်မိခဲ့သည်ဟု
ဒေသဆိုင်ရာမီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments