တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်
နေပြည်တော် မေ ၁၃
၂၀၂၅ ခုနှစ် ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့်
၂၀၂၄ - ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade -12 ကျောင်းသား
ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ
ရုံးအမှတ်-၃ ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးထွန်းအုံ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်သည့်
ဦးမင်းမင်း၊ ဦးကျော်ရွှေထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်
တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် Grade- 12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက
ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဝန်ထမ်းသားသမီးများထဲမှ
ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၈ ဦးအနေဖြင့် ပြန်လည်ဖြေဆိုရန် အထူးကြိုးစားနေကြောင်း
ကြားသိရသဖြင့် အထူးဝမ်းမြောက် မိကြောင်း၊ ယခင်ဖြေဆိုခဲ့မှုတွင် အားရမှုရှိခဲ့သော ဘာသာရပ်အတွက်
အမှတ်ပိုမိုရရှိနိုင်ရေးနှင့် အားနည်းမှုရှိခဲ့သော ဘာသာရပ်ရှိခဲ့ပါကလည်း ယခုရရှိသည့်
အခွင့်အရေးကို အပြည့်အဝအသုံးချ၍ ကောင်းမွန်စွာပြန်လည် ဖြေဆိုသွားစေလိုကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း
စာမေးပွဲ ထပ်မံဖြေဆိုမည့် သားသမီးများအား ဖြည့်ဆည်း အားပေးကြရန် ပြောကြားသည်။
ထောက်ပံ့ငွေများပေးအပ်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်
ဒုတိယဝန်ကြီးများသည် ဇွန်လအတွင်း ပြန်လည် ကျင်းပ စစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်
စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်း သား၊ သမီး Grade -12 ကျောင်းသား ကျောင်းသူ ၂၈ ဦးအား
ထောက်ပံ့ ငွေများ ပေးအပ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments