နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဖျာပုံမြို့ အောက်ကွင်းကြီးမျိုးသန့်ခြံ၌ ပြုလုပ်သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာများ တက်ရောက်ပေးအပ်
ပုသိမ် မေ ၁၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖျာပုံခရိုင် ဖျာပုံမြို့နယ်
အောက်ကွင်းကြီးမျိုးသန့်ခြံ၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါး မျိုးစေ့ချကိရိယာ
(Drum Seeder) များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်
တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကား ပြောကြားကြပြီး ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ
မိုးစပါးစိုက်တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့နှင့် စပါးမျိုးစေ့ချ
ကိရိယာ (Drum Seeder) များ ပေးအပ်ကာ (အပေါ်ယာပုံ) အောက်ကွင်းကြီး မျိုးသန့်ခြံ၌ သစ်စိမ်းမြေဩဇာ
(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင်
မြို့နယ်လေးမြို့နယ် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ကျင်းပရာ နိုင်ငံတော်
စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူများ၊ ဆန်စက်ပိုင်ရှင်များ၊
ဆန်ကုန်သည်များနှင့် တောင်သူများ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည်
ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲ
မြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ် လျက်ရှိသော အရည်အသွေးမြင့် ပေါ်ဆန်းဆန်၊ ပေါ်ဆန်းစပါးများ
နှင့် ပေါ်ဆန်းထမင်းများ၏ အနံ့၊ အရသာ၊ အရည်အသွေး ကောင်းမွန်မှုများကို ကြည့်ရှု အားပေးကြသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီအဖွဲ့ဝင်က အမှာ စကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက
ပေါ်ဆန်းဖိုရမ် ၂၀၂၅ ရလဒ် များကိုလည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန
(မြောင်းမြ) ၏ သုတေသနအရာရှိကဌာနမှ ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများကိုလည်းကောင်း၊
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို
လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ငလျင်ဘေးသင့် ဒေသများအတွက်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဒေသ ကော်မတီ (၅) ဥက္ကဋ္ဌက အလှူ ငွေကျပ်သိန်း ၁၀၀
ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင် မအူပင်မြို့နယ်
အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းသို့ သွားရောက်၍ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊
အခြေခံပညာ ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများနှင့် တွေ့ဆုံပြီး မအူပင်ခရိုင် ပညာရေးမှူး၊
မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာကြီး ဆရာမ ကြီးများ၏ တင်ပြချက်များအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး
ကောင်စီအဖွဲ့ဝင်သည် ပန်းတနော်မြို့နယ် ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth
Agro & Aqua Industry Public Co., Ltd.သို့ သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို
သွားရောက်ကြည့်ရှု၍ လိုအပ်သည့် တင်ပြမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments