ငလျင်အပြီး အဆောက်အအုံအကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာကို ပြည်ပပညာရှင်များက တစ်ရက်တာ သင်တန်းပို့ချ
ရန်ကုန် မေ ၁၄
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ
အသင်းချုပ်သည် EMI (Engineering Ministries International) အဖွဲ့အစည်းမှ နိုင်ငံခြားသား
Registered Architects နှင့် Professional Engineers များဖြင့် One day Training ကို မေ ၁၂ ရက် က သင်္ဃန်းကျွန်း မြို့နယ်ရှိ
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဉာဏ်သစ်လှိုင်က အမှာစကား ပြောကြားသည်။
အစီအစဉ်အရ Training ဆရာများဖြစ်ကြ သော
Mrs. Sarah Dunn၊ Mr. Samuel Carrara ၊ Mr. Craig Cole ၊ Mrs. Jaclyn Miller တို့က
သင်ကြားပို့ချမည့် ဘာသာရပ်အကြောင်း မိတ်ဆက်ပြောကြားပြီး Damage Assessment, Repair
& Retrofit အကြောင်းကို ရှင်းလင်း ပို့ချသည်။
ဆက်လက်၍ Disaster Risk Reduction
for water & Sanitation နှင့် Build Back Safer Training of Trainers များအကြောင်းကို
သင်တန်းဆရာများက ရှင်းလင်းပို့ချသည်။
သင်တန်းပို့ချမှုအပြီးတွင် တက်ရောက်လာသူများနှင့်
Online ဖြင့် တက်ရောက်သူများက သိရှိ လိုသည်များကို မေးမြန်းကြရာ သင်တန်းဆရာများက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူး
ဦးအေးလင်းက သင်တန်းဆရာများနှင့် ပံ့ပိုး ကူညီကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး
အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးက ကျေးဇူးတင်စကား ပြောကြားသည်။
ငလျင်အပြီး အဆောက်အအုံအကဲဖြတ်ခြင်းနှင့်
ပြုပြင်ခြင်းနည်းပညာ တစ်ရက်တာ သင်တန်းကို နိုင်ငံခြားသား ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များဖြင့်
ဖွဲ့စည်းထားသည့် EMI (Engineering Ministries International) အဖွဲ့အစည်းမှ ပညာရှင်များက
အင်ဂျင်နီယာ၊ ဗိသုကာနှင့် ဆောက်လုပ်ရေးပညာရပ်ပိုင်းဆိုင်ရာ နည်းပညာများအပြင် ပြည်သူလူထုအတွက်
ငလျင်ဘေးအန္တရာယ် ကာကွယ်ခြင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများ၊ ငလျင်ဖြစ်ပေါ်ခဲ့ပါက အရေးပေါ်
ပြင်ဆင်ဆောင်ရွက်နိုင်အောင်နှင့် အန္တရာယ်ကင်း အဆောက်အအုံများ တည်ဆောက်နိုင်ရန် အတွက်
ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းသူရ

No comments