ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၇၀ ကျော် သေဆုံး
မေ ၁၆
ဂါဇာကမ်းမြောင်ဒေသတွင်
ယမန်နေ့အစောပိုင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၇၀ ကျော် သေဆုံးကြောင်း
ပါလက်စတိုင်းမီဒီယာကဖော်ပြထားသည်။
အစ္စရေးတပ်မတော်က
အင်အားသုံးတိုက်ခိုက်ခြင်းမပြုမီ ဂါဇာမြောက်ပိုင်းရှိဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်
သတိပေးချက်ထုတ်ပြန်ပြီးနောက်ယခုကဲ့သို့ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၎င်းနောက်ဂါဇာဒေသ၏တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တွင်ဗုံးကြဲတိုက်ခိုက်မှုစတင်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုညလုံးပေါက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၇၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု
ပါလက်စတိုင်းသတင်းဌာနများက ဆိုသည်။
သို့သော်လည်း ယခုအချိန်အထိ
တိုးတက်မှု မရှိသေးကြောင်း သိရသည်။ ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏
အရှေ့အလယ်ပိုင်းသို့ လာရောက်လည်ပတ်သည့်အချိန်နှင့်တစ်ချိန်တည်းဖြစ်ရန် အစ္စရေးနှင့်
ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကာတာတွင် ပြုလုပ်နေခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
ထောက်ပံ့ရေးပစ္စည်းများ တင်ပို့မှုအား ၂ လကျော်ကြာ ငြင်းဆိုထားသောကြောင့် ယခုအခါ ဂါဇာကမ်းမြောင်ဒေသရှိ
ပါလက်စတိုင်းလူဦးရေ ၂ သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments