ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Container House များ နေရာချထားမည့် မြေနေရာ၊ Prefabricated Office များတပ်ဆင်နေမှုနှင့် တည်ဆောက်ထားသည့် ယာယီအဆောင်များ၌ ဝန်ထမ်းများနေထိုင်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၁၂
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းများ
နေထိုင်နိုင်ရန် Container House များ နေရာချထားမည့်မြေနေရာ၊ Prefabri-cated
Office များတပ်ဆင်နေမှုနှင့် တည်ဆောက်ထားသည့် ယာယီအဆောင်များ၌ ဝန်ထမ်းများ နေထိုင်နေမှု
အခြေအနေများနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ရှင်းလင်းတင်ပြသည်။
အကွက်ချဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဝင်ကားပတ်လမ်းဘေး၌
ပေ၂၀ ပတ်လည်ရှိ Prefabricated Office ၁၀ လုံး နေရာချထားရန်နှင့် ကားပါကင်ဘေးရှိ မြေကွက်လပ်၌
ပေ၂၀ ပတ်လည်ရှိ Container House ခုနစ်လုံး၊ အလျားပေ ၂၀၊ အနံ ၁၀ ပေ Container House
အလုံး ၅၀ စုစုပေါင်း ၅၇ လုံး နေရာချထားရန် အကွက်ချ ဆောင်ရွက်လျက်ရှိသည်။
အားပေးစကားပြောကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
Container House များ နေရာချထားမည့်မြေ နေရာ၊ Prefabricated Office များ တပ်ဆင်နေမှုနှင့်
ရုံးမျက်နှာစာ မြက်ခင်းပြင်ရှိ ၂၁ ခန်းတွဲ ယာယီအဆောက်အအုံ၌ ဝန်ထမ်းများ လက်ရှိနေရာချထားမှု
အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းမိသားစုများကို တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ကြပ်မတ်ဆောင်ရွက်
လှည့်လည်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက
Prefabricated Office များနှင့် Container House များကို နေရာချထားရာတွင် မကြာမီရောက်ရှိလာတော့မည့်
မိုးရာသီအတွက် စဉ်းစား၍ မြေသားအနေအထားကို သေချာစွာ တိုင်းတာဆောင်ရွက်ရန်၊ ဝန်ထမ်းများ
စနစ်တကျ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ရေ၊ မီး၊ မိလ္လာများ လုံလောက်မှုရှိ အောင်ဆောင်ရွက်ပေးရန်၊
ယာယီဘာရှာများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာမှု ရှိစေရေးနှင့် ဝန်ထမ်းများ စနစ်တကျဖြင့်
စည်းကမ်းတကျ နေထိုင်ကြစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်


No comments