တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၄)ကြိမ်မြောက် လှူဒါန်းသည့် Operation Room ၉၅ လုံးနှင့် Modular (prefabricated) house ၁၈၀၄ လုံးတို့ကို လွှဲပြောင်းလက်ခံ


ရန်ကုန် မေ ၁၄

 

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် Opera-tion Room ၉၅ လုံး တင်ဆောင်လာသည့် MTT Sapangar သင်္ဘောသည် မေ ၁၂ ရက် ညနေ ၆ နာရီခွဲ နှင့် Modular(prefabricated) house ၁၈၀၄ လုံး တင်ဆောင်လာသည့် SOUTHERN VENTURE သင်္ဘောသည် မေ ၁၃ ရက် ညနေ ၆ နာရီ ၃၈ မိနစ် တို့တွင် သီလဝါ(MITT)ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိခဲ့သည်။

 

ထိုသို့ရောက်ရှိလာသည့် Operation Room ၉၅ လုံးနှင့် Modular (prefabricated) house ၁၈၀၄ လုံးတို့ကို ယနေ့ နံနက်ပိုင်းက လွှဲပြောင်းလက်ခံရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် တရုတ်သံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing ထံမှ သီလဝါဆိပ်ကမ်း၌ (၁၄) ကြိမ်မြောက် လွှဲပြောင်းလက်ခံခဲ့သည်။

 

အဆိုပါ ရောက်ရှိလာသည့် Operation Room ၉၅ လုံးကို ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဒေသများသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး Modular (prefabricated) house ၁၈၀၄ လုံးကို SOUTHERN VENTURE သင်္ဘောပေါ်မှ ကုန်တင်ကားပေါ်သို့ကရိန်းဖြင့်ချနေသည့် အခြေအနေများကိုလည်းကောင်း၊ ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့်တင်ဆောင်နေသည့် အခြေအနေများကိုလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.