ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေး သရုပ်ပြ
ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်
(အရှေ့ပိုင်း) မြို့နယ်၌ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိပတ်ဝန်းကျင်၊
ရုံးနှင့် ကျောင်းများ၌ အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်များ
စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေး သရုပ်ပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဝန်ထမ်းများက စွန့်ပစ်ပစ္စည်းများကို လေးမျိုး ခွဲခြား၍ အမှိုက်စိုကို အစိမ်းရောင်အမှိုက်ပုံး၊
အမှိုက်ခြောက်ကို အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်ကို အပြာရောင်အမှိုက်ပုံးနှင့်
ဘေးအန္တရာယ်ရှိအမှိုက်ကို အနီရောင်အမှိုက်ပုံးများ၌ စနစ်တကျ စွန့်ပစ်နိုင်ရေး အသိပညာပေး
သရုပ်ပြသခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)
No comments