ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆ ဦး ထပ်မံတွေ့ရှိ၊ ငါးဦးထပ်မံသေဆုံး
ဇွန် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်
ယခုနှစ် ဇွန် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ငါးဦးရှိရာ သေဆုံးမှုအများဆုံးနေ့တစ်နေ့အဖြစ်စံချိန်တင်ခဲ့ကြောင်း
ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း
ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၃၆ ဦး ရှိကြောင်း ဖော်ပြထားသည်။
ယခုနှစ် လက်ရှိအချိန်အထိ
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၄၃၃ ဦးရှိသည်ဟု ဒီဂျီအိတ်ချ်အက်စ်ကဆိုသည်။
အိမ်နီးချင်းနိုင်ငံအများအပြားတွင်
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားလျက်ရှိရာ ယင်းနေရာများသို့ ခရီးသွားလာခြင်းမပြုကြရန်
အစိုးရအဖွဲ့က ပြည်သူများအား သတိပေးပြောကြားထားသည်။
ထိုရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်
ဆိပ်ကမ်းများအားလုံး၌ ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ကြည့်ရေး အစီအမံများကိုတိုးမြှင့်ဆောင်ရွက်ရန်
ဒီဂျီအိတ်ချ်အက်စ်က သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments