ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ သစ်မျိုး ၁၁ မျိုး၊ အပင် ၁၅၃၀ စုပေါင်းစိုက်ပျိုး

 



မြောင်းမြ ဇွန် ၂၂

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြစိမ်းရောင် တောင်တော်သာသနာ့နယ်မြေ၌ ဇွန် ၂၀ ရက်က ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးဆောင်၍ ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ သပြေဘူတ၊ ရေတမာစသည့်သစ်မျိုး ၁၁ မျိုး၊ အပင် ၁၅၃၀ ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြောင်းမြခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းသား ကျောင်းသူများ၊ သူနာပြု သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း ၁၂၀၀ က စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)

No comments

Powered by Blogger.