ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်၍
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ
ဈေးကွက်ဝယ်လိုအား ကောင်းသော ပဲစင်းငုံသီးနှံကို လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပဲစင်းငုံသီးနှံကို မေလဆန်းတွင် စတင် စိုက်ပျိုးပြီး ၇-၈ လခန့်အကြာတွင်
ရိတ်သိမ်းရကြောင်း၊ ပဲစင်းငုံသီးနှံကို သီးထပ်သီးညှပ် စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍
စိုက်ပျိုး ကြပြီး ပဲစင်းငုံ အနီမျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် မျိုးစေ့
၄-၅ ပြည်ခန့် အသုံး ပြု၍ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင်
ငွေကျပ် ၃၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပဲစင်းငုံ ၁၀ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊
ဈေးကွက်အနေဖြင့် ကျောက်ဆည် မြို့ပေါ်ရှိ ပွဲရုံများသို့ တောင်သူများက တိုက်ရိုက် တင်ပို့ရောင်းချကြပြီး
ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊
ယခုအချိန်တွင် ပဲစင်းငုံသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံထွက်ပေါ်ချိန်တွင်
အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း
တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)
No comments