ဂျပန်နိုင်ငံသို့ ယခုနှစ်မေလအတွင်း နိုင်ငံခြားခရီးသွား ၃ ဒသမ ၇ သန်း စံချိန်တင်ဝင်ရောက်မှုရှိ
ဇွန် ၂၀
ဂျပန်နိုင်ငံ၌
ယခုနှစ်မေလအတွင်း နိုင်ငံခြားခရီးသွား လာရောက်လည်ပတ်မှုသည် အစောပိုင်းနှစ်ကထက် ပိုမိုများပြားခဲ့ပြီး
နိုင်ငံခြားခရီးသွားဦးရေ ၃ ဒသမ ၇ သန်းအထိရှိရာ ခရီးသွားဝင်ရောက်မှု စံချိန်တင်မြင့်မားခဲ့ကြောင်း
အစိုးရအဖွဲ့က ဇွန် ၁၈ က ဖော်ပြထားသည်။
ဂျပန်နိုင်ငံသို့
တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားဦးရေ ၈၂၅၈၀၀ ဝင်ရောက်မှုရှိရာ ၁၁ ဒသမ ၈ ရာခိုင်နှုန်းအထက်ရှိပြီး
၎င်းနိုင်ငံပြီးလျှင် တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၇၈၉၉၀၀ ရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့၏ပြောကြားသည်။
ယခုနှစ်ဇန်နဝါရီလမှမေလအတွင်း
နိုင်ငံခြားခရီးသွား ၁၈ ဒသမ ၁ သန်းခန့် လာရောက်လည်ပတ်မှုရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလက
ခရီးသွားဝင်ရောက်မှုထက် ၂၃ ဒသမ ၉ ရာခိုင်နှုန်းပိုမိုခဲ့သည်ဟု သိရသည်။
ကိုးကား-ကျိုဒို
ဘာသာပြန်-မြင့်မြင့်ချို
No comments