ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)ရှိ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ

 



စစ်တွေ ဇွန် ၂၂

 

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)ရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖွံ့ဖြိုးရေး သင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်များနှင့် သင်တန်းကျောင်းအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ထမင်းစားဆောင်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြား ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ကျောင်းသား ကျောင်းသူ များအတွက် စားစရိတ် အပိုဆောင်းငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ကျောင်းသား ကျောင်းသူများအတွက် မိုးကာအင်္ကျီများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အထက်တန်းကျောင်းသား ကျောင်းသူများအတွက် ပညာသင်စရိတ်ချီးမြှင့်ငွေ များကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အလယ်တန်း ကျောင်းသား ကျောင်းသူများအတွက် ပညာသင်စရိတ် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူ၍ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.