တံတားမြို့တွင် အမှိုက်ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးနှင့်သရုပ်ပြသခြင်းများဆောင်ရွက်
ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး တံတားမြို့အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနရုံးရှေ့၌ လူမှုပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု အခြေအနေများ လျော့ကျစေရန်ရည်ရွယ်ပြီး
သတ်မှတ်အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့်
သရုပ်ပြသခြင်းကို ဇွန် ၂၀ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တံတားမြို့စည်ပင်သာယာရေးအဖွဲ့
တာဝန်ခံ ဦးဇွဲမာန်ဟိန်းက အမှိုက်စနစ်တကျ ခွဲခြား စွန့်ပစ်နိုင်ရေး ရှင်းလင်းဆွေးနွေးကာ
သရုပ်ပြသဆောင်ရွက်ပြီး အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ပြောကြားသည်။
သရုပ်ပြသရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်း
No comments