သံပရာသီးစိုက်ပျိုး ဝင်ငွေတိုး

 



မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ကောင်းသော သံပရာသီးကို ဥယျာဉ်ခြံမြေနှင့် ယာမြေများတွင် အပိုဝင်ငွေရရှိရန်အတွက် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

 

သံပရာသီးကို အစိုဓာတ်ကောင်းမွန်သော မိုးဦးကျကာလများတွင် စိုက်ပျိုးကြကာ မျိုးအနေဖြင့် ဗမာသံပရာမျိုးနှင့် သံပရိုမျိုးများကို စိုက်ပျိုးကြပြီး သံပရိုမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးစေ့ကိုပျိုးထောင်၍ ပျိုးပင်စိုက်ပျိုးခြင်းနှင့် ကိုင်းကူးပင်များကို ဝယ်ယူစိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလျက်ရှိရာ သံပရာကိုင်းကူးပင်များကိုသာ အများဆုံးဝယ်ယူစိုက်ပျိုးကြကြောင်း၊ ပင်ကြားတန်းကြား ၁၂ ပေအကွာအဝေးဖြင့် တစ်ဧကလျှင် အပင်ရေ ၃၀၀ ကျော်ခန့် ဝင်ဆံ့ စိုက်ရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သိန်း ၂၀ ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး နှစ်နှစ်ကျော် ခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရ၍ တစ်ဧကလျှင် တစ်နှစ်အတွက် သံပရာသီးအလုံးပေါင်း ၂၀၀၀၀ ခန့်ထွက်ရှိရာ ထွက်ရှိသည့် ရာသီချိန်အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်၊ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း၊ သံပရာသီးနှံသည် နှစ်ရှည်ပင်ဖြစ်သည့် အတွက် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိကြောင်း သံပရာစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

No comments

Powered by Blogger.