ကွန်ဂိုနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၉ ဦး သေဆုံး
ဇွန် ၁၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏မြို့တော်တွင် လွန်ခဲ့သောနှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၉ ဦး ထက်မနည်းသေဆုံးကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။
ခြောက်သွေ့ရာသီဉတုတွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုကြောင့် မြို့တော်အတွင်း ပျက်စီးမှုများကြီးမားပြီး လမ်းများ ရေလျှံ၊ အခြေခံအဆောက်အအုံများ ပျက်စီးကာ နေရာအနှံ့အပြား လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့် ရေပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဘေးလွတ်ရာသို့ရွှေ့ပြောင်းရေးနှင့် ယာယီနေရာချထားရေးများ လုပ်ဆောင်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန်နှင့် ကြိုတင်ကာကွယ်ရေးအစီအမံများပြုလုပ်ရန် မြို့တော်ကင်ရှာဆာ အုပ်ချုပ်ရေးမှူး ဘမ်ဘာက ဒေသခံများအား တိုက်တွန်းပြောကြားသည်။
လတ်တလောတွင်ခြောက်သွေ့ရာသီဉတုဖြစ်နေသော်လည်း မိုးရေချိန် ၉၀ မီလီမီတာအထိ ရွာသွန်းခဲ့ရာ မကြာသေးမီနှစ်များအတွင်း ယခုနှစ်မိုးရေချိန်သည်အမြင့်မားဆုံးဖြစ်သည်ဟု မိုးလေဝသအာဏာပိုင်များ၏ ပြောကြားချက်ကိုကိုးကားပြီး ပြည်တွင်းမီဒီယာများကဖော်ပြခဲ့သည်။ နိုင်ငံ၏မိုးရာသီသည် ပုံမှန်အားဖြင့် နိုဝင်ဘာလမှ မေလအထိကျရောက်လေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments