ဂျပန်နိုင်ငံ၌ ရှင်မိုးမီးတောင်ပေါက်ကွဲ
တိုကျို ဇွန် ၂၂
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကီရီရှီမာတောင်တန်း၌တည်ရှိသော ရှင်မိုးမီးတောင်သည်
ယနေ့ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်မိုးမီးတောင်သည် လွန်ခဲ့သော
ခုနစ်နှစ်ခန့်ကလည်း အလားတူပေါက်ကွဲခဲ့သည်။
ဇွန် ၂၂ ရက် မွန်းလွဲ ၄ နာရီ ၃၇ မိနစ်တွင် ပေါက်ကွဲခဲ့ပြီး ကောင်းကင်အထက် မီတာ
၅၀၀ ခန့်အထိ မီးခိုးပြာများ မှုတ်ထုတ်ခဲ့ကြောင်း ကာဂိုရှီးမား မိုးလေဝသဌာနက ပြောကြားသည်။
မီးတောင်မှ မီးခိုးပြာများလွင့်စင်ပျံတက်နေပုံကို မှတ်တမ်းဗီဒီယိုများတွင် တွေ့မြင်နိုင်သည်။
ရှင်မိုးမီးတောင်ပေါက်ကွဲမှုဆိုင်ရာ သတိပေးချက်ကို အဆင့် ၃ မှ ၂ သို့ လွန်ခဲ့သောလက
တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။
မီးတောင်နှင့်အနီးတစ်ဝိုက်သို့ ချော်ရည်များနှင့် ကျောက်တုံးများ ကျရောက်လာနိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် ဒေသခံများကို
တာဝန်ရှိသူများက သတိပေးပြောကြားသည်။
၂၀၁၈ ခုနှစ်တွင် မီးတောင်မှ ကျောက်တုံးကြီးများနှင့် ချော်ရည်များ လွင့်စင်ကျရောက်ခဲ့ပြီး
ထိခိုက် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments