ပေါင်မြို့နယ်၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးစာစောင်ဖြန့်ဝေ
ပေါင် ဇွန် ၁၉
မွန်ပြည်နယ် ပေါင်မြို့နယ်၌ အမှိုက်အမျိုးအစား
ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးစာစောင် အခမဲ့ ဖြန့်ဝေခြင်းကို ကဒါရပ်ကွက် မင်္ဂလာဈေးနှင့်
(အထက) ပေါင်ကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့်
ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့
အလုပ်အမှုဆောင် ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ
အုပ်ချုပ်ရေးမှူးများက ဖြန့်ဝေပေးခဲ့ကြသည်။
ထို့ပြင် အမှိုက်ပုံးခွဲခြားသတ်မှတ်
စွန့်ပစ်ခြင်းကို လက်တွေ့အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)
No comments