အိန္ဒိယနိုင်ငံ၌ မြစ်ကူးတံတားပြိုကျမှုကြောင့် နှစ်ဦးသေဆုံး၊ ၃၂ ဦး ထိခိုက်ဒဏ်ရာရ



ဇွန် ၁၆

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမဟာရတ်ရှထရာ ပြည်နယ်တွင် ယမန်နေ့ကတံတားတစ်စင်းပြိုကျပြီးနောက်  နှစ်ဦး ထက်မနည်းသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိကာ အခြားသောလူအများအပြား ရေစီးတွင်မျောပါသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မဟာရတ်ရှထရာပြည်နယ်၏မြို့တော် မွမ်ဘိုင်း၏ အရှေ့တောင်ဘက် ၁၂၉ ကီလိုမီတာအကွာ ပူနီခရိုင်ရှိ အင်ဒရာရာနီ မြစ်ကူးတံတား ပြိုကျမှုဖြစ်ပွားခဲ့သည်။

အာဏာပိုင်များက အိန္ဒိယအမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့မှအဖွဲ့များအပါအဝင် ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့် သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စေလွှတ်ခဲ့သည်။

လက်ရှိအချိန်အထိ ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း  ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၎င်းတို့အနက်ခြောက်ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု ထိုပြည်နယ်ဝန်ကြီးချုပ်ကဆိုသည်။

ယင်းတံတားပြိုကျမှုဖြစ်ပွားချိန်က တံတားပေါ်တွင် ဒါဇင်နှင့်ချီသောလူများရှိရာ အများစုသည် ခရီးသွားများဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ လူအများအပြားသည် မြစ်အတွင်းသို့ပြုတ်ကျခဲ့ပြီး အချို့သောသူများသည် ရေစီးအားကောင်းသောမြစ်အတွင်း မျောပါသွားခဲ့သည်ဟု မျက်မြင်သက်သေများကဆိုသည်။

ထိုဒေသတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ရေများ မြင့်တက်လာကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.