ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ပေးနေ မြို့နယ်အတွင်း မိုးစပါး စိုက်ဧကပေါင်း ၂၇၀၉၅ ဧက စိုက်ပျိုးပြီးစီး
ချောင်းဆုံ ဇွန် ၂၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက် တောင်သူများ မြို့နယ်
အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို
မေ ၁၉ ရက်မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန် ၂၀ ရက်အထိ စိုက်ပျိုးစရိတ်ချေးငွေကျပ်
၈၉၅၈ သိန်း ထုတ်ချေးနိုင်ခဲ့ပြီး မိုးစပါး ၂၇၀၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း
သိရသည်။
မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား
ချေးငွေစုစုပေါင်း ငွေကျပ် ၅၁၆၆၃ သိန်းခန့်အား ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး
ယနေ့အထိ ကျေးရွာ ၂၂ ရွာမှ တောင်သူ ၉၃၁ ဦး၏ စိုက်ဧက ၅၉၇၂ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်
၈၉၅၈ သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ကျေးရွာရှိ တောင်သူများအား အချိန်မီစိုက်ပျိုးနိုင်ရေး
ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးဧက
၆၅၃၀၉ ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများ လုပ်ငန်းခွင်စတင်
ချိန်မှစ၍ ဇွန် ၂၀ ရက်အထိ ၂၇၀၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်
စပါးများ စိုက်ပျိုး၍ အထွက်နှုန်း တိုးများစေရေးအတွက် နည်းပညာပေး လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန
ဝန်ထမ်းများ က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးမှု လျာထားချက်
ပြည့်မီကျော်လွန်စေရေး တာဝန် ရှိသူများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး
ရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)
No comments