ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများ ရှင်းလင်း ပြောကြား


ရန်ကုန် ဇွန် ၁၉

 

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့် အရောင်းဆိုင်ကြီးများမှ တာဝန်ရှိသူများအား အမှိုက်အမျိုးအစား လေးမျိုးခွဲခြားစွန့်ပစ်ခြင်းနှင့် ခွဲခြား စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများအား ရှင်းလင်းပြောကြားခြင်းကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (၁၂) ထပ်ခွဲ ရုံး၌ ပြုလုပ်သည်။

 

ထိုသို့ ရှင်းလင်းပြောကြားရာတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးချိုထွန်းအောင်က Shopping Mall များနှင့် အဆင့်မြင့် အရောင်းဆိုင်ကြီးများသည် အများပြည်သူ သွားလာသောနေရာများဖြစ်သည့်အတွက် အမှိုက်များ ခွဲခြားစွန့်ပစ်ရန် စီစဉ်ထားခြင်းအားဖြင့် ပြည်သူများအနေဖြင့်လည်း သိမြင်ထိတွေ့ကာ သတ်မှတ်ထားသည့် အမှိုက်ခွဲခြားနည်းအတိုင်း ခွဲခြားစွန့်ပစ်နိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့်လည်း ဈေးများ၊ ကော်မတီလက်အောက်ရှိ ရုံးများ၊ ကျောင်းများတွင်လည်း အမှိုက်ခွဲခြား စွန့်ပစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ညွှန်ကြားရေးမှူးက ခွဲခြား စွန့်ပစ်ရမည့် အမှိုက်အမျိုးအစား လေးမျိုးနှင့် ခွဲခြားထားသည့် အမှိုက်များအရ စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေး မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

ကိုထက်

No comments

Powered by Blogger.