ပေါက်ခေါင်းမြို့နယ်တွင် အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
ပေါက်ခေါင်း ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ဇွန် ၁၇ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထက (ပေါက်ခေါင်း) နှင့် မြို့မဈေးတို့၌
အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲများ ကျင်းပသည်။
ဦးစွာ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ
သိမှတ်ဖွယ်ရာများကို အသိပညာပေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ
ဦးမင်းအောင်က ဌာနဆိုင်ရာရုံး၊ မြို့မဈေးနှင့်အထက (ပေါက်ခေါင်း)
မှ ကျောင်းသား ကျောင်းသူများအား အမှိုက်စို အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်နှင့်
ပလတ်စတစ်အမှိုက် ဟူ၍ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ကြရန် သရုပ်ပြဆွေးနွေး ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ
အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြသနေမှုကို ပေါက်ခေါင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
သန်းထွန်းအောင် (ပြန်/ဆက်)
No comments