ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသည် ၁၀ ဒသမ ၇ သန်းခန့် လာရောက်လည်ပတ်
ဟနွိုင်း ဇူလိုင် ၆
ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်
ပထမနှစ်ဝက်အတွင်း နိုင်ငံတကာခရီး သည် ၁၀ ဒသမ ၇ သန်းခန့် လာရောက်လည်ပတ်လျက်ရှိကြောင်း ဗီယက်နမ်အမျိုးသားစာရင်းအင်းရုံး၏
အချက်အလက်များကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ခရီးသည်လာရောက်မှုပမာဏမှာ ယမန်နှစ်ကထက် ၂၀ ဒသမ ၇ ရာခိုင်နှုန်းတိုးလာ ကြောင်း သိရသည်။
ဇွန်လတစ်လတည်းတွင် နိုင်ငံတကာခရီးသည်
လာရောက်လည်ပတ်မှုပမာဏမှာ ၁ ဒသမ ၅ သန်း ခန့်ရှိပြီး ၂၀၂၄ ခုနှစ် ဇွန်လကထက် ၁၇ ရာခိုင်နှုန်းတိုးလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ
No comments